ဇို သမိုင်း အကြောင်းလေးတင်ပြချင်ပါတယ်
========================
မှတ်တမ်းများအရ မြန်မာပြည် လူဦးရေသည် (၁၂၅)မျိုးရှိကာ ထိုများထဲမှ ချင်းလူမျိုးများမှာ(၅၅)မျိုးရှိသည်ဟု ဆိုလိုသည်၊၊ ထို ချင်းလူမျိုး (၅၅)မျိုးထဲတွင် ဇို လူမျိုးများမှာလည်း အပါအဝင်ဖြစ်သည်။ရှေးဦးဖခင် "ပို ဇို"
၏ နာမည်ကို အစွဲပြုကာ ခေတ်အစဉ် ဆက် မှည့် ခေါ်လာခဲ့ကြ၇ာ ၎င်းဇို၏ အမည်ကို အစွဲပြု ကာ ယခု
အချိန်ထိ ပို ဇို နာမည် နဲ့ ပဲ ခေါ်ဝေါ်လေ့ရှိသည်။
မူလအရင်းအမြစ်
-----------------
ကမ္ဘာ့လူမျိုးများအကြောင်းကို လေ့လာသူများဖြစ်သည့် Anthropologists များက
ဇိုလူမျိုးများသည် မွန်ဂိုလီးယား အမျိုးအ နွယ် ဝင်များဖြစ်သည်ဟု ဆို သည်။
တိလက်တို့ ဗမာ လူမျိုး ဝင်များဖြစ်ကြသည်။
ဇို (ချင်း)လူမျိုးများ၏မူလ အရင်းအမြစ်၊နေထိုင်ရာ၊ရွှေ့ ပြောင်းလာမူနဲ့ ပတ်သက်၍ သမိုင်းပညာ
ရှင်များ၏ ရေးသားချက် ထင်မြင်ယူဆခြင်း အမျိုးမျိုးများ၊ မက်တဲနစ်ချိ(စ်) က ပြောသည်မှာ
သမိုင်းဖြစ်အောင် ပြုလုပ်သောသူသည် သူ၏သနိုင်းကို ရေးဖို့ အချိန်မရခဲ့ပေ။
နေထိုင်ရာဒေသများ
============
ပညာရှင် အများစု၏ ရေးသားချက်အရ ဇိုလူမျိုးများ၏ စတင်ရာ ဒေသမှာ တရုတ်နိုင်ငံ အနောက် မြောက်
ပိုင်း
နေရာ တစ်ခုဖြစ်သည်ဟု ဆို သည်။ အထူးသဖြင့် ယန်ဇီကဲယား နှင့် ဟွန်ဟူ
(yangtze kiang and the Hwang HO rivers) မြစ်များ၏ ဤထက်ပိုင်း နေရာ
ဒေသများသည် ဇို လူမျိုး များ၏ စတင်ရာ
နေရာဖြစ်သည်။ ပညာရှင်များထဲမှ (S.K Chadtterji ESifh Dr,Grierson) အက်စ်ကယ် ချဲတယ်ရီ
နှင့် ဒေါက်တာ ဂရီစွန်တို့သည်လည်းပဲ ထပ်တူ ထပ်မျှ ပြောဆို ကြသည်။ ဇို လူမျိုးများမှာ သူ တို့၏
ဘိုးဘွားများ နည်းတူ သူတို့၏ စတင်သည့် နေရာကနေ နေရာ သစ်သို့ရွှေ့ပြောင်းလာ ကြရာ တိဘက်
တောင်တန်းဒေသ များမှ ဆာလ် ဝန် မြစ်သို့ လည်းကောင်း၊ထို နေရာမှ ဧရာဝတီနှင့် ချင်းတွင်းမြစ်
ဒေသများသို့ ရောက်ရှိလာကြသည်။ သို့ သော် သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းက ဇို (ချင်း)
လူမျိုးများ၏စတင်ရာ ဒေသ မှာ တရုတ်နိုင်ငံ အနောက်ပိုင်းရှိ ကန်စူးနယ် တီအာအို တောင်ကြားဖြစ်၏
မည်ဟု ဆို သည်။တရုတ်များ၏ မကြာ ခဏ တိုက် ခိုက်မူပို မခံ မရပ်နိုင်မူ ကြောင့် ဘီစီ ၂၀၀ မတိုင်မီ
ကတည်းက တိဘက် အရှေ့ မြောက်ဘက်သို့ ရွှေ့ ပြောင်းလာကြသည်ဟု ဆို သည်။
တရုတ်များ၏တိုက်ခိုက်မူကို ရှောင်ရှားချင်သည့် အတွက်ကြောင့် တောတောင်၊တောင်တန်းများကို
ဖြတ်ကျော်ကာ တောင်ဘက်သို့ ရွှေ့ ပြောင်းလာငည်ဟု ဆို သည်။နှစ်ပေါင်းများစွာ ကြပြီးမှ အထက်
မြန်မာ ပြည်သို့ ရောက်လာကြသည်ဟု ဆိုသည်။
ချင်းတွင်းနှင့် ဧရာဝတီမြစ်တစ်လျှောက် တွင် နှစ်ပေါင်းများစွာ နေထိုင်လာသည့်အတွက် ထိုနေရာ
၌လည်း "PUPAGAM"လို့ခေါ်သည့် ဘိုးဘွားဇို နိုင်ငံတော် (ZO kingdawm) ကို လည်း တည်ထောင်
ခဲ့ကြသည်။ထို့ကြောင့် ဇို လူမျိုးများ၏ ရှေးသမိုင်းများအရ
တချို့သော အ သုံးအနှုန်းများကို ကြည့်ရင်.....ဥပမာ"kumpi"အရှင်ဘုရင် "Mangpa" and
တချို့သော အ သုံးအနှုန်းများကို ကြည့်ရင်.....ဥပမာ"kumpi"အရှင်ဘုရင် "Mangpa" and
"lengpa" အုပ်ချုပ်သူ၊မြင့်မြတ်သောသူ၊ဆို သည့် ရှင်ဘုရင်များ အပေါ်သုံးနှုန်းသည့် စကားများကို
လည်း တွေ့ရှိရသည်။နန်ချိုာဘုရင်နှင့် နန်ချို လူမျိုးများသည် ဘိုးဘွားနိုင်ငံလို့ ခေါ်သည့် ဇို နိုင်ငံတော်ကို
ဖြိုဖျက်ာဆီးပြီးနောက် ချင်းတွင်းမြစ်တစ်လျှောက်တွင် နေထိုင်လာကြ ပြီး ဇို လူမျိုးများမှာ အေဒီ ၉၀၀နောက်
ပိုင်း ၌ ဗမာလူမျိုးများက ဇို လူမျိုးများကို ''ချင်း" လူမျိုးလို့ နာမည်ပေးကာ
ခေါ်ဝေါ်ခဲ့ကြသည်ဟုဆိုသည်။
****************************************************************************