ZO

ZO
ZODAMTUI

Saturday, 11 July 2015

အချိန်မပေးနိင်လို့ မတင်ဖြစ်တာပါ...အမြန်ဆုံး အပြီးတင် နိုင်အောင်ကြိုးစားသွားပါ့မယ်..
ကျန်ရှိသေးတဲ့ သမိုင်းအကြောင်းလေးကိုပဲ တင်ဆက်ချင်ပါတယ်..

ZO (ဇို သမိုင်းအကြောင်း အပိုင်း(၂)

************************
ယခုအချိန်အထိ ဇို (ချင်း) လူမျိုးများ စွန့်လွတ်ခဲ့သော ဇိုရွာလို့ခေါ်သည့် ချင်းရွာများကိုလည်း စစ်ကိုင်း (အင်းဝမြို့) တံတားအောက်၌ တည်ထားသည့် မှတ်ကျောက်တိုင်များအရ သော်လည်းကောင်း၊ ဘိုးဘွား ဇို (ချင်း) လူမျိုးများတည်ထားခဲ့သည့် မှတ်ကျောက်တိုင်ကို ဗမာလူမျိုးများက ယခုအချိန်အထိ မှည့်ခေါ်ပေးကြသည့် ချင်းဘုရား (သို့) ဇိုဘုရားလည်းတည်ရှိဆဲဖြစ်သည်။ယခုအချိန်အထိ စစ်ကိုင်းမြို့၌ ဇို (ချင်း)လူမျိုးများ စုပေါင်းပြီး နေထိုင်ခဲ့သည့် နေရာ လို့ခေါ်သည့် ချင်းစုတစ်နေရာလည်းပဲ ဆက်လက်တည် ရှိဆဲ ဖြစ်သည်။ ဇို(ချင်း) လူမျိုးများ နေထိုင်ခဲ့သည့် နေရာဒေသများကို ဗမာလူမျိုးများက အုပ်စိုး လာကာ ယနေ့အချိန်အထိ မင်းတိုင်ပင်ရွာကို ''ချင်းပစ်'' ဇို (ချင်း) လူမျိုးများ ပစ်ထားခဲ့သည့်ရွာ အဖြစ် ယနေ့အချိန်အထိ
ဆက်လက် တည်ရှိဆဲဖြစ်သည်။ ၄င်း အချိန်သည် ဗမာဘုရင် နရပတေ့ (အေဒီ ၁၂၅၉-၁၂၈၇) အုပ်စိုးခဲ့သည့်
 အချိန်ဖြစ်သည်။ နောက်ဆုံး ဗမာလူမျိုးများ၏ နယ်ချဲ့လာ မူနှင့် လွမ်းမိုးလာခြင်းကြောင့် ဇု(ချင်း) လူမျိုးများသည် ချင်းတွင်းမြစ် ကို ဖြတ်ကျော်ကာ ရွှေ့ပြောင်းလာခဲ့ကြသည်။ 

                                                                                                    zodamtui@

No comments:

Post a Comment